မန္တလေးသိန်းဇော်နဲ့ တွေ့ဆုံမေးမြန်းချက်

နိုင်ငံတကာမှာ မြန်မာလူမျိုး ဖြစ်ကြောင်း ဂုဏ်သရေရှိရှိ ဖော်ပြဖို့ဆိုရင် မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုတာ မရှိမဖြစ် လိုအပ်တယ်လို့ ကဗျာဆရာ ဇာတ်မင်းသား မန္တလေးသိန်းဇော်က ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ မန္တလေးသိန်းဇော်ကို မြန်မာ့ဇာတ်သဘင်လောကရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား မခက်မာက တွေ့ဆုံမေးမြန်းထားပါတယ်။