ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် လေကြောင်းရဲတပ်ဖွဲ့ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့ပြီးနောက် မိဘနှစ်ပါးကို ထားခဲ့ကာ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေကတစ်ဆင့် ထိုင်းနိုင်ငံအထိ ထွက်ခွာလာရတဲ့ မစောခိုင် နဲ့ စကားပြောထားပါတယ်။
မစောခိုင်ရဲ့ မိဘနှစ်ပါးဟာ သမီးအိမ်ပြန်လာမဲ့ရက်ကိုမျှော်နေရင်းကပဲ ဖခင်ဟာ ပြီးခဲ့တဲ့ လပိုင်းက ဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာ မစောခိုင်ဟာ ထိုင်းနိုင်ငံက ဖိနပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေရင်း မိခင်ဆီပြန်နိုင်မယ့်အချိန်ကို စောင့်မျှော်နေပါတယ်။
အပြည့်အစုံကို RFA Burmese Website, Facebook နဲ့ YouTube မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။
