ထောင်ဒဏ်တစ်သက်က လွတ်မြောက်လာသူ

စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း(၃၇)

ဒီတစ်ပတ်အစီအစဉ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နာမည်ကျော် ပျံလွှားအောင် စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရတဲ့ ကိုငြိမ်းဟန်နဲ့ စကားပြောထားပါတယ်။

ကိုငြိမ်းဟန်ဟာ ရန်ကုန်မှာ စစ်ရေးပစ်မှတ်တွေကို ဖောက်ခွဲတိုက်ခိုက်တာတွေလုပ်ရင်း အဖမ်းခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်ကသူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချတာခံလိုက်ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်းပြောပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေတာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို မြန်မာစံတော်ချိန် စနေနေ့မနက် ၇ နာရီမှာ RFA Burmese ရဲ့

Website https://www.rfa.org/burmese/ ,

Facebook https://www.facebook.com/rfaburmese/ နဲ့

YouTube https://www.youtube.com/@rfaburmese တွေကနေကြည့်ရှုနားဆင်နိုင်ပါတယ်။