ပြည်တွင်းစစ်မီးကြားက ကချင်ဒုက္ခသည်တွေရဲ့ ဆယ်နှစ်ပြည့်ဆုတောင်း

၂၀၂၁ ခုနှစ် ဇွန်လဟာ ကချင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ရောက်နေသူတွေအတွက် သူတို့ရဲ့ မူလနေရပ်ကို စွန့်ခွာလာတာ ၁၀ နှစ်ပြည့်တဲ့ကာလ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လကတည်းက အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရာက ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ ၁၀ နှစ်ပြည့်လာပေမယ့်လည်း ဒီစခန်းတွေမှာ နေထိုင်‌နေရသူ တစ်သိန်းကျော်အတွက် သူတို့ရွာတွေကို ပြန်လည်နေထိုင်နိုင်ဖို့ အလှမ်းဝေးနေဆဲပါ။ RFA သတင်းထောက် ခင်မိုးညို တင်ပြထားပါတယ်။