ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဟာ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်တာဝန်ကနေ ဒီကနေ့ နုတ်ထွက်လိုက်ပါတယ်။ PPST အဖွဲ့သစ်ကို မကြာခင်ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ကျင်းပတဲ့ အထူးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားပါတယ်။