လီဆူနှစ်သစ်ကူးပွဲတော်

ရှမ်းပြည်နယ်လုံးဆိုင်ရာ သုံးကြိမ်မြောက် လီဆူ နှစ်သစ်ကူးပွဲကို လားရှိုးမြို့ ခါးသျှိကျေးရွာမှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။ လူဦးရေ ငါးသိန်းဝန်းကျင်ရှိတဲ့ လီဆူ တိုင်းရင်းသားတွေ မှတ်ပုံတင်ရဖို့ ခက်ခဲနေသလို၊ မှတ်ပုံတင်ရပြီးသား တိုင်းရင်းသားတွေရဲ့ နိုင်ငံသားစိစစ်ရေး ကဒ်တွေမှာလည်း “လီဆူ” အစား “လီရှော၊ လီဆူး” စသဖြင့် လူမျိုးအမည်တွေ မှားယွင်းဖော်ပြခံနေရတဲ့အတွက် တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးနေတယ်လို့ နှစ်သစ်ကူးပွဲ တက်ရောက်လာတဲ့ လီဆူ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

RFA သတင်းထောက် ကိုကံသာ တင်ပြထားပါတယ်။