မန္တလေးကျောက်ဝိုင်း ဆန္ဒပြပွဲကြီး

မန္တလေး မဟာအောင်မြေမြို့နယ်က ကျောက်ဝိုင်းကို မန္တလေးမြို့ကနေ ၁၅ မိုင်လောက်ဝေးတဲ့ ရန်ကုန်-မန္တလေး ကားလမ်းအသစ်ဘေးကို ပြောင်းရွှေ့ဖို့ အမိန့်ထုတ်လိုက်တဲ့အတွက် ကျောက်လုပ်ငန်းရှင် တွေနဲ့ ကျောက်ဝိုင်းအလုပ်သမားတွေ စုစုပေါင်း တသိန်းနီးပါး ၂ဝ၁၄ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဆက်ပိုင်တိုးက တင်ပြထားပါတယ်။