မိကျောင်းကန်သပိတ်စခန်းက ဒေါ်လှယဉ်

ရန်ကုန်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံဘေးမှာ ၇ လနီးပါးကြာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်းကို အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းပေးဖို့ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်က သတိပေးထားပေမယ့် ဆန္ဒပြနေသူတွေက သပိတ်စခန်း မဖျက်သိမ်းနိုင်ကြောင်း ပြောကြပါတယ်။ ဆန္ဒပြနေသူတွေထဲက အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်လှယဉ်ကို RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။