သံပုံးတီးလို့ဆိုပြီး မန္တလေးက နေအိမ်တချို့ကို ရဲနဲ့ စစ်သားတွေ ဝင်ရောက်ဖျက်ဆီး
2021.02.17
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနေ့ညက စစ်တပ်နဲ့ ရဲက ဖြတ်သွားချိန် နေအိမ်တချို့က သံပုံးတီးလို့ဆိုပြီး အိမ်တွေထဲကိုဝင်ပြီး ဖျက်ဆီးခဲ့ပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အား ၃၀ ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။