မုံရွာက ဒေါင်းမျိုးဆက်သံချပ်

ဒီနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲကြဖို့ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်တွေက တိုက်တွန်းထားကြတာပါ။

တစ်ချိန်တည်းမှာပဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်အာဏာဆန့်ကျင်ရေး လူငယ်တွေ၊ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ လူငယ်တွေကလည်း တော်လှန်ရေးကြွေးကြော်သံတွေကို သံချပ်စာသားတွေအဖြစ်ပြောင်းပြီး တော်လှန်နေကြပါတယ်။

အဲ့ဒီထဲက စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် ဒေါင်းမျိုးဆက်သံချပ်အဖွဲ့ရဲ့ သံချပ်ထိုးကွက်တချို့ကို RFA ဝိုင်းတော်သား စောဖိုးခွားက ကောက်နုတ်ဖော်ပြပါမယ်။

ဒီသံချပ်မှာပါဝင်တဲ့ထိုးကွက်တွေဟာ မူရင်းသံချပ်ထိုးသူတွေရဲ့ တင်ပြချက်တွေသာဖြစ်ပြီး RFA ရဲ့ အာဘော်မဟုတ်ကြောင်း အသိပေးလိုပါတယ်။