မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် သေမင်းတမန် ရထားလမ်းလို့ ဒေသခံတွေ ခေါ်ဝေါ်ခဲ့ရတဲ့ ပခုက္ကူ-ဂန့်ဂေါ-ကလေး ရထားလမ်းစီမံကိန်းဟာ ရထားလမ်း တလျှောက်အနီးမှာရှိတဲ့ ဒေသခံတွေရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ ဖောက်လုပ်ခဲ့ပေမယ့် ဒေသခံတွေအတွက်လည်း အကျိုးမရှိသလို နိုင်ငံတော်ရဲ့ ပြည်သူ့ဘဏ္ဍာတွေလည်း ဘီလီယံနဲ့ချီ ဆုံးရှုံးခဲ့ရပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦး က ရိုက်ကူး တင်ပြထားပါတယ်။
