RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ရှင်းလင်းချက်

ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေး ကျင်းပခွင့် ပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို အခုလမကုန်ခင်မှာ စာပေးပို့သွားမယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုအောင်မိုးမြင့်က ချင်းမိုင်မြို့ကနေ သတင်းပေးပို့ထားပါတယ်။