မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဉ်တစ်စင်းကို ဇွန်လ ၂၃ ရက်နေ့လယ်က တိုက်ခိုက်ဖျက် ဆီးနိုင်ခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ် ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်တွေအားကောင်းတဲ့ တွင်းမရွာမှာနားမှာြဖစ်ခဲ့တာလို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
ဗီဒီယိုထဲမှာတော့ Mi 17 ရဟတ်ယာဉ်က တောအုပ်အလယ်ကကွင်းပြင်ထဲဆင်းပြီးတဲ့အခါ သစ်ပင်အောက်မှာ စောင့်နေတဲ့ စစ်သားတစ်စုက ရဟတ်ယာဉ်ထဲက အထုပ်တွေသယ်ယူခဲ့ကြသလို၊ ပြီးတဲ့အခါ ရဟတ်ယာဥ် ရဲ့အနောက်ပိုင်း ပေါက်ကွဲမီးလောင်တာတွေ့ရပါတယ်။ ပေါက်ကွဲတဲ့အချိန်မှာ စစ်သားတချို့လဲကျသွားတာတွေ့ရ ပေမဲ့ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကို စစ်တပ်ဘက်ကရော၊ တော်လှန်ရေးအင်အားစုတွေဘက်ကပါ အသေး စိတ်ထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမဲ့ ရဟတ်ယာဥ်ဖျက်စီးခံရပြီးတဲ့နောက်မှာ စစ်တပ်ဘက်ကဂျက်ဖိုက်တာတွေရော Y-12 လေယာဥ်တွေပါ ရောက်လာပြီး ပျံဝဲနေတယ်လို့ ဒေသခံက RFA ကိုပြောပါတယ်။
Mi 17 ရဟတ်ယာဉ်ဟာ ရုရှားနိုင်ငံထုတ်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က တပ်သားတွေပို့တာရော၊ ရိက္ခာပို့တာ တွေအတွက်ပါအသုံးပြုနေတာဖြစ်ပါတယ်။
