ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံရတဲ့ RFA သတင်းထောက်

လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ မကွေးအခြေစိုက်သတင်းထောက် ဦးမြင့်ဇော်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်ထားတာကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့် လက်မခံဘဲ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုသန့်ဇင်ဦးတို့က စုစည်းပြီး ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။