ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတဲ့ မွတ်ဆလင်ဒုက္ခသည် တစ်သိန်းကျော်ဟာ အခု ရှစ်နှစ်လောက်ကြာလာတဲ့အထိ အနာဂတ် မျှော်လင့်ချက်တွေ ဝေဝါးနေဆဲဖြစ်ပါတယ်။
စစ်တွေမြို့နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့အခြေအနေကို RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။