ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းပိုင်းတွေပေါ်မှာ BOT စနစ်နဲ့ ကောက်ခံတဲ့ လမ်းတံတားတွေပေါ်မှာ လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စပြီး သတ်မှတ်ထားတဲ့ တန်ချိန်အတိုင်းသာ ဖြတ်သန်းခွင့်ပြုတော့မှာဖြစ်ပါတယ်။ အခုလို ကန့်သတ်လိုက်တဲ့အတွက် ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်ပိုင်ရှင်တွေ အခက်အခဲရှိလာနိုင်တယ်လို့ ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကံသာ တင်ပြထားပါတယ်။
