ဇန်နဝါရီလ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ ငါးရက်ကြာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်က မြန်မာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ် တင်ပြထားပါတယ်။
