ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံး တွေက အမျိုးသမီးတွေရဲ့ နိုင်ငံရေးစွမ်းရည်မြှင့်တင်ဖို့အတွက် ငါးရက်ကြာသင်တန်းတခုကို သင်္ကန်းကျွန်း မြို့နယ် ကျိုက္ကဆံ ဓမ္မပီယ သာသနရိပ်သာမှာ ဒီနေ့ စတင်ပြုလုပ်နေပါတယ်။ ဒီသင်တန်းနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်အဖွဲ့ရဲ့ အမျိုးသမီးရေးရာ ဒုတိယတာဝန်ခံ မမီးမီးကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
