စစ်မရှုံးဖို့ တပ်ထဲက ယတြာချေပွဲတွေမှာ ပါဝင်ခဲ့ရသူ

စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် - ၁၆

ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာမှာ ခင်ပွန်းဖြစ်တဲ့ ဒုတပ်ကြပ်က ပြည်သူနဲ့ပူးပေါင်းတဲ့ CDM လှုပ်ရှားမှုမှာပါသွားတာကြောင့် မုဒုံမြို့နယ် အခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း စအရ (၉၀၄) မှာ သားသမီးတွေနဲ့အတူ နှစ်လနီးပါးအကျယ်ချုပ်ကျခံခဲ့ရတဲ့ မချိုချိုမြင့်တို့ မိသားစုရဲ့ဖြတ်သန်းမှုကို တင်ပြမှာဖြစ်ပါတယ်။

မချိုချိုမြင့် စစ်တပ်ထဲနေခဲ့ရတဲ့ကာလတလျှောက် အနှိမ်ခံရသလို၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ စစ်သားသေဆုံးထိခိုက်မှုတွေများလာတဲ့အချိန်မှာ ကိုးကွယ်တဲ့ဘာသာမတူပေမဲ့ တပ်တွင်းယတြာချေပွဲတွေမှာပါဝင်ခဲ့ရတဲ့အကြောင်းတွေအပါအဝင် လက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ ဘဝကိုရုန်းကန်နေတဲ့ အကြောင်းပြောပြထားပါတယ်။

ဒီအစီအစဥ်ကို RFA Burmese Website, Facebook နဲ့ YouTube မှာ ကြည့်ရှုနားဆင် နိုင်ပါတယ်။