အများပြည်သူအပန်းဖြေနေရာနဲ့ စည်းကမ်းမဲ့မှုများ

ရန်ကုန်မြို့ မြေနီကုန်း ခုံးကျော်တံတားအောက်မှာ အများပြည်သူတွေ အပန်းဖြေနားနေဖို့အတွက် အားကစားကွင်းနဲ့ အပန်းဖြေစရာနေရာ ထည့်သွင်း ထားတဲ့ နေရာတစ်ခုကို ရန်ကုန်တိုင်းအစိုးရနဲ့ ပြင်သစ်ယဉ်ကျေးမူဌာန တို့ ပူးပေါင်းစီစဉ်ခဲ့ကြပါတယ်။ ဒီလို နားနေ အပန်းဖြေတဲ့နေရာ မပြီးသေးခင်မှာပဲ ကွမ်းတံတွေးထွေးတာတွေ၊ အမှိုက်ပစ်တာတွေကြောင့် လူအမြင် မတင့်တယ်မှုတွေဖြစ်နေရပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။