မျက်စိသေနတ်ကျည်ထိမှန် သေဆုံးခဲ့တဲ့ ကိုဇင်လင်းထက်ကို ဇာတိမှာ သင်္ဂြိုဟ်မည်

အာရှနွေဦးတော်လှန်ရေးနေ့၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနေ့ကလှည်းတန်းမှာ သေနတ်ကျည်နဲ့ အပစ်ခံရလို့ မျက်လုံးထိမှန် သေဆုံးသွားတဲ့ အသက် ၂၀ အရွယ် ကိုဇင်လင်းထက်ရဲ့ ရုပ်အလောင်းကို မိသားစုက ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကနေ သယ်ဆောင်သွားခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ကိုဇင်လင်းထက်ရဲ့ မိသားစုက ရန်ကုန်ဆေးရုံကြီးမှာ အလောင်းထုတ်ယူဖို့ စောင့်နေကြတဲ့မြင်ကွင်းပါ။

ကိုဇင်လင်းထက်ဟာ အာဏာရှင်ဆန့်ကျင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဖို့ လမ်းပေါ်ထွက် ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ကျဆုံးခဲ့ရပါတယ်။

ကျည်ထိမှန်ပြီး မျက်စိတစ်လုံးလမ်းမှာ ကျန်နေခဲ့ပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို ဇာတိမြေ ကျိုက်ထိုမြို့ကို သယ်ဆောင်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ကိုဇင်လင်းထက်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့ အင်းဝရွာကနေ ရန်ကုန်မြို့ကိုတက် အလုပ်လုပ်ပြီး မိဖကိုရှာကျွေးနေသူတစ်ယောက်ဖြစ်ပါတယ်။