စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝတွေအကြောင်းတင်ပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်စ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။
ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး နောက် အကျဉ်းထောင်နဲ့စစ်ကြောရေးတွေမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ကိုလမင်းအောင်နဲ့ စကားပြောထားပါတယ်။
တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ကိုလမင်းအောင်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ တောခိုပြီးကာမှ မိသားစုကျန်းမာရေးကြောင့် ရန်ကုန်ကိုပြန်တဲ့လမ်းမှာ ဖမ်းဆီးခံလိုက်ရပြီးနောက် အကျဉ်းထောင်ထဲမှာ ၅ နှစ်နီးပါး နေထိုင်ခဲ့ရသူပါ။
ဒီအစီအစဉ်ကို RFA Burmese ရဲ့ Website, Facebook နဲ့ YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။
