ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လူမျိုးရေးရာ စင်တာဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နည်းပညာပိုင်းမှာ အထောက်အကူပေးနေသလို နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ကဏ္ဍအလိုက် မူဝါဒပိုင်းဆိုင်ရာတွေကို သုတေသနပြု အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
အဲဒီစင်တာက တိုင်းရင်းသားဒေသတွေမှာ သုတေသနပြုထားတဲ့ "မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်" ကို လာမယ့် တတိယကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးပြီး ပညာရေးစနစ် မူဝါဒတစ်ခုအဖြစ် ချမှတ်အကောင်အထည်ဖော်ဖို့ လိုလားနေပါတယ်။
တိုင်းရင်းသား လူမျိုးရေးရာ စင်တာက အလုပ်အမှုဆောင် ဒါရိုက်တာ ဇိုသုန်းမှုန်ကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။