အစာရေစာငတ်မွတ်နေတဲ့ ရိုဟင်ဂျာ ၆၀ နီးပါးပါတဲ့ စက်လှေတစ်စီး အင်ဒိုးနီးရှားကို ရောက်လာ

အမျိုးသားတွေသာပါဝင်ပြီး အစာရေစာငတ်မွတ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်လှေတစ်စီးဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် Krueng Raya ကမ်းခြေကို ရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒီစက်လှေဟာ ပင်လယ်ထဲမှာ တစ်လနီးပါးကြာမျောနေပြီး စက်လှေပေါ်ပါလာသူတွေက ရေဓါတ်ခမ်းခြောက်နေခဲ့ကြတယ်လို့ အာဏာပိုင်တွေက RFA ရဲ့ ညီနောင် သတင်းဌာန Benar news ကိုပြောပါတယ်။

အဲ့ဒီစက်လှေမှာ ရိုဟင်ဂျာဒုက္ခသည် ၆၀ နီးပါးပါဝင်ပါတယ်။ စက်လှေ အင်ဂျင်ကျိုးပဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဆိုက်ကပ်ခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောထားပါတယ်။

ဖျားနာနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကျန်းမာရေးဝန်ထမ်းတွေက ဆေးဝါးကုသမှုတွေ ပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ရှာဖွေဖို့အတွက် မလေးရှားနဲ့ အင်ဒီုနီးရှားကိုထွက်ခွာဖို့ ပင်လယ်ခရီးကို ထွက်နေကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အန္တရာယ်ကြီးတဲ့ ပင်လယ်ခရီးဟာ၂၀၂၁ ခုနှစ်နဲ့ နှိုင်းစာရင် ဒီနှစ်အတွင်း (၆) ဆ အထိစံချိန်တင် မြင့်တက်လာခဲ့ကြောင်း ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ (UNHCR ) တို့ရဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ပူးတွဲထုတ်ပြန်ချက် အရ ၁၉၉၀ ခုနှစ် ကာလတွေကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ရှိနေပါတယ်။

000_33639ZK.jpg
Photo:AFP (CHAIDEER MAHYUDDIN/AFP)

အဲ့ဒီစက်လှေမှာ ရိုဟင်ဂျာဒုက္ခသည် ၆၀ နီးပါးပါဝင်ပါတယ်။ စက်လှေ အင်ဂျင်ကျိုးပဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဆိုက်ကပ်ခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က AFP ကိုပြောထားပါတယ်။

000_33639ZQ.jpg
Photo:AFP (CHAIDEER MAHYUDDIN/AFP)

ဖျားနာနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကျန်းမာရေးဝန်ထမ်းတွေက ဆေးဝါးကုသမှုတွေ ပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ရှာဖွေဖို့အတွက် မလေးရှားနဲ့ အင်ဒီုနီးရှားကိုထွက်ခွာဖို့ ပင်လယ်ခရီးကို ထွက်နေကြတာဖြစ်ပါတယ်။

000_33639ZR.jpg
Photo:AFP (CHAIDEER MAHYUDDIN/AFP)

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ (UNHCR ) တို့ရဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ပူးတွဲထုတ်ပြန်ချက် အရ ၁၉၉၀ ခုနှစ် ကာလတွေကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ရှိနေပါတယ်။

000_33639ZU.jpg
Photo:AFP (CHAIDEER MAHYUDDIN/AFP)