ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။
2012-09-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလ အတွင်းရေးမှူးချုပ်  မစ္စတာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားနေစဉ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားနေစဉ်။
AFP

OIC ခေါ် အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အဲဒီလိုသတိပေး ပြောကြားခဲ့တာပါ။

(၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံအပြီး သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာမှတော့ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ရပ်ရွာဒေသတွင်း ရှိနေကြသူ အချင်းချင်းသဟဇာတဖြစ်အောင် နေထိုင်နိုင်ရေး၊ ပြဿနာ ဖြစ်ပွားရတဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကို ဖယ်ရှားရေး စတာတွေကို ရေတို ရေရှည် ရှုထောင့်တွေကနေ နည်းလမ်းရှာ ကိုင်တွယ်ဖြေရှင်းသွားဖို့ ဆွေးနွေးခဲ့ကြပြီး ရခိုင်အရေးကို ပြေလည်သည်အထိ ဖြေရှင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိက၀တ်ပြုခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နီဆာကီက ပြောဆိုပါတယ်။

ဒါ့ပြင်ကချင်ပြည်နယ်က လူမျိုးစု လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အတွက်လည်း အားလုံးပါဝင်ပြီး လက်တွဲညီညီ ဆောင်ရွက်သွားဖို့လည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

ကွန်မင့်များ (4)
Share

(

အားနည်းတဲ့ဘာသာတွေကိုဗိုလ်ကျခြင်းလို့ မြင်ပါတယ်။ လူနည်းစုဘာသာတွေကိုလေးစားဖို့လည်း OIC ကို ကုလသမဂ္ဂအတွင်းရေးမှုး တစ်ယောက်အနေနဲ့ တာဝန်ယူပြောကြားေးစေချင်ပါတယ်။ မိမိဘာသာဝင်တွေကိုလည်း OIC အနေဖြင့်တာဝန်ခံစေချင်ပါတယ်။

Oct 01, 2012 04:19 PM

Johnny

Yes Mr. G. Secretary,
You're right. Until today OIC activated ,created and encouraged a lot of Violent and Invading. Seconds persons were lost a lot of land, properties,security, happiness, families members, livelihood, personality, Unities, and so on both of mentality and physical. OIC cheer , encourage, support anything by money, power ,weapons and human power and mentality to their supporters without sympathy, and situation of other hands. Please UN and world stop the OIC's probs to be returned peace.

Oct 01, 2012 11:23 AM

ဦးဝင်းအောင်

နေရပ်- ဘူးသီးတောင်

OIC အနေနဲ့ ဘာသာရေးကိုဘက်လိုက်ပြီးတော့ ဘင်္ဂါလီမူဆလင်(ရိုဟင်ဂျာအမည်ခံ)တွေကို ကူညီနေမယ် ဒါမှမဟုတ်ရင် ဘာသာရေးဘက်လိုက်ပြီးတော့ တခြားနည်းလမ်းတွေနဲ့ကူညီနေမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေက ကျေနပ်ကြမှာမဟုတ်ပါဘူး အေဒီလို့သာ လုပ်နေမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်ရာလည်းရောက်ပါတယ် OIC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း နိုင်ငံကြီးသားတွေမဟုတ်ပေးနဲ့ လူယုတ်မာတွေလို့ တခြားနိုင်ငံတွေက မြင်သွားနိုင်ပါတယ် လို့သာမြင်ပါတယ်။

Sep 30, 2012 07:41 AM

U Thant Zin

နေရပ်- Yangon

They will reap as they sow!

Sep 29, 2012 10:38 PM

ဆိုက်တခုလုံးသို့