သန်းခေါင်စာရင်း ကောက်ခံမှု ရခိုင်ပြည်နယ်မှာ သပိတ်မှောက်မည်


2014.03.24
census-rohingyu-305 census-rohingyu-305
Photo: RFA

သန်းခေါင်စာရင်းကိစ္စ နိုင်ငံတော် အစိုးရထံ တင်ပြထားပေမဲ့၊ အကြောင်းမပြန်တဲ့ အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှု ကို ရခိုင်ပြည်နယ်မှာ သပိတ်မှောက်မယ်လို့  "ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက် ဖျက်ရေးကော်မတီ" က မနေ့က ဆုံးဖြတ်လိုက် ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်ကို သန်းခေါင်စာရင်းမှာ မထည့်သွင်းဖို့ အဲဒီ ကော်မတီက  ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် နေ့က နိုင်ငံတော် သမ္မတထံ တင်ပြခဲ့ရာမှာ၊ မတ်လ၂၁ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ပေးဖို့ အချက်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ တစ်စုံတရာ ပြန်ကြားချက် မရရှိတာကြောင့်၊ သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ် ကို ရခိုင် ပြည်နယ်မှာ သပိတ်မှောက်တဲ့အနေနဲ့ နေအိမ်တွေမှာ သာသနာ့အလံတွေ စိုက်ထူကြဖို့၊  သန်းခေါင်စာရင်း မှာ ရိုဟင်ဂျာ အမည် ထည့်သွင်းလာမယ်ဆိုရင် သန်းခေါင်စာရင်းဝန်ထမ်းတွေအနေနဲ့ စာရင်းကောက်တာဝန် ကနေ နှုတ်ထွက်ကြဖို့ ဆိုတဲ့  အချက်(၂) ချက်ပါ တိုက်တွန်းစာတွေ ဖြန့်ဝေသွားမယ်လို့  ကော်မတီက ဆုံးဖြတ် ခဲ့ကြောင်း သိရပါတယ်။

သန်းခေါင်စာရင်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာ ဆရာမ အယောက် (၄ဝ)လောက်က လည်း သန်းခေါင်စာရင်းကောက်ယူနေချိန်အတွင်း လုံခြုံရေး အပြည့်အဝပေးဖို့ ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ရုံးရှေ့မှာ တနင်္ဂနွေနေ့ညနေပိုင်းက တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။