ဖွဲ့စည်းပုံဥပဒေမှာ ပြင်ဆင်ရန် အချက်များ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်

2013-12-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်၊ ပယ်ဖျက်ဖို့ အကြံပြုချက်တွေထဲမှာ နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ်ချက်လည်း ပါရှိတယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက် ၅၂ ချက်၊ ပယ်ဖျက်သင့်တဲ့ အချက် ၂၁ ချက်၊ စုစုပေါင်း ၇၃ ချက်ရှိတယ်လို့ သဘောတူဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတအရည်အချင်း သတ်မှတ်ချက်တွေထဲက ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ဖြစ်သူ Kim Aris နဲ့ Alexander Aris တို့သာ မြန်မာနိုင်ငံသား အဖြစ်ခံယူမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိသွားပြီလို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

" ၅၉ (စ) လုံးမှာ ကျွန်တော်တို့ပါတီက အခု သမတ်တွေ၊ ချွေးမတွေကို နိုင်ငံခြားသူဖြစ်ခွင့်ပေးထားတယ်၊ ဖြစ်ခွင့်ပေးထားတော့ ဒေါ်အောင်ဆန်းစုကြည်ကို မူတည်ပြီးပြောမယ်ဆိုရင် သူ့ယောင်္ကျားက သေသွားပြီဗျာထားလိုက်တော့ သေသွားပြီဆိုတော့ အစဉ်ပြေတယ်လို့ ကျွန်တော်က ယူဆတယ်၊ သူ့သားနှစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ချင်ရင် နိုင်ငံသားခံယူလိုက်ပေါ့ဗျာ၊ ဒါဆိုရင် သူ့ရဲ့ ချွေးမတွေက ပြဿနာမရှိဘူးလေ၊ သူ့သားနှစ်ယောက် မြန်မာနိုင်ငံသားဖြစ်သွားပြီ သူကိုယ်တိုင်ကလည်း မြန်မာနိုင်ငံသူဖြစ်တယ်၊ သူ့ယောင်္ကျားကလည်း သေသွားပြီဆိုတော့ ပြီးပြီပေါ့ ဒါဆိုရင် သူသမ္မတဖြစ်လို့ ရပြီပေါ့"

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိရမယ်ဆိုတဲ့အစား ၇၅ ရာခိုင်နှုန်းလို့ ပြင်ဆင်အကြံပြုထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖြုတ်ချချင်တယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေရဲ့ ထောက်ခံမှု ၁ ရာခိုင်နှုန်းရှိရမယ်ဆိုတဲ့ အစား ၂၀ ရာခိုင်နှုန်းလို့ တိုးပြီးအကြံပြုထားကြောင်းလည်း သိရပါတယ်။

လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲမရှိကြောင်းလည်း သိရပါတယ်။

အဲ့ဒီ အကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဆီ ဒီနေ့ ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။

ဦးလှဆွေကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းချက်ကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (5)
Share

ကျော်မင်းသိန်း

နေရပ်- ကျောက်ဖြူနယ် ၊ငန်းကျွန်း ၊ကျောက်ငူရွာ

ဒေါ်အောင်းဆန်းစုကြည်တစ်ယောက်တည်းသမ္မတလုပ်လို့
ရအောင် 2008 ဥပဒေကိုပြင်ဖို့တောင်းဆိုနေတာမဟုတ်ဘူး။
အများပြည်သူက 2008 ဥပဒေကိုပြင်သင့်တဲ့အချက်တွေကိုပြင်
ဆင်ဖို့ပြောရတာပါ။ 2008 ဥပဒေမှာ သမ္မတတစ်ယောက်
လုပ်ပိုင်ခွင့်နဲ့ မင်းအောင်လိုင်ရဲ့လုပ်ပိုင်ခွင့်ကိုဘယ်လိုလုပ်မှာလဲ။

Jan 01, 2014 11:51 PM

အမည်မဖော်လိုသူ

Kyantphawt party still do not like the country to develop instead they still want hold power until last hour of their life. If they rule the country there will be riot which will lead military to rule the country again. Khant Khine has no right to decide how to amend the constitution.. let people decide how to amend it. What I believe is if Suu Kyi become president last government will be fine, if some other become president country will surely lead to disorder even military will have hard time to handle. Next riot will not be the same like 88.

Jan 01, 2014 10:48 PM

(

According to reports,Rohingyas and the State Peace and Development Council (SPDC) had been working together for mutual gains in 2010.
Kyant Phoot allowed them to set up political parties in the fake 2010 election .
SPDC(Kyant Phoot ) organized illegal immigrants (Rohingyas) and granted them 300,000 white cards to vote their party ( Kyant Phoot ) in 2010 fake election.
Three of white card holders had been Kyant Phoot party members since then.
So what are happening now?
Here are the links
http://www.rohingyablogger.com/2013/12/be-logical-be-consistent-then-legal.html
http://www.huffingtonpost.com/kyaw-min/myanmar-muslims-rohingya_b_4274852.html
They are staying in Burma and attacking Burma, spreading misleading information to get world attention.
They are describing Rohingyas as innocent or victim of extremist Buddhist monks.

Jan 01, 2014 05:54 PM

(

ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးသည် ယခုအခါ ဗြိတိန်နိုင်ငံသားများ ဖြစ်ကြပြီး မွေးဖွားချိန်မှ ၁၉၈၉ ခုနှစ် အထိ မြန်မာနိုင်ငံ သားများ ဖြစ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် နိုင်ငံရေးအရ တပ်မတော် အစိုးရက မြန်မာနိုင်ငံသား အဖြစ် ရုပ်သိမ်းခဲ့သည့် အတွက် ၎င်းတို့နှစ်ဦးကို (Stateless) နိုင်ငံမဲ့ ဖြစ်မသွားစေရန် ဗြိတိန်နိုင်ငံက နိုင်ငံသား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်နေတဲ့ပုံစံက.....အ ပြောတစ်မျိုး၊ အလုပ်တစ်မျိုး
ဥပဒေက.....မလိုတစ်မျိုး၊ လိုတစ်မျိုး
ဟူး.......

Jan 01, 2014 12:36 PM

အမည်မဖော်လိုသူ

white card ကိုင်ပြီးပါတီထောင်ခွင့်
အစိုးရဖြစ်ခွင့်အထိပေးထားတဲ့ဥပဒေ၊လက်ရှိ နိုင်ငံခြားခိုးဝင်လာ(ရိုဟင်ဂျာ)ကြံ့ဖွတ်ပါတီဝင်သုံးဦးလွတ်တော်ထဲရောက်နေတာတွေကမှ အချုပ်အခြာအာဏာကိုထိခိုက်ပျက်စီးစေမယ့် နိုင်ငံတော် ဂုဏ်သိက္ခာ ကျဆင်းစေမယ့်လမ်းကြောင်းစစ်စစ်မဟုတ်ဘူးလား

Dec 31, 2013 07:48 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့