စစ်ဆေးခံနေရတဲ့ တရားသူကြီးကို သမ္မတက နုတ်ထွက်ခွင့်ပြု

2013-10-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးပုံ
ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးပုံ
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်တရားသူကြီး  ဒေါ်စီစီကို အကျင့်ပျက်ခြစားမှုအတွက် ပြည်နယ် စုံစမ်းရေးကော်မရှင်က  စစ်ဆေးနေဆဲမှာပဲ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၂၂ ရက်နေ့မှာ  ရာထူးက နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လွှတ်တော်အမတ် ဦးအောင်မြကျော်က သမ္မတအမိန့်နဲ့ အဲဒီလိုနုတ်ထွက်ခွင့်ပြုလိုက်တဲ့အတွက် ဒေါ်စီစီကို မိမိတို့ ဆက်လက်စစ်ဆေးခွင့် မရှိတော့တာကြောင့် ပြည်သူလူထုအနေနဲ့ များစွာနစ်နာရပါတယ်၊ ဒီလိုအဂတိလိုက်စားတဲ့ တရားသူကြီးလို ပြည်သူ့ဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်မယ့် ဥပဒေပြဌာန်းဖို့လိုအပ်နေပါပြီလို့ အာဖက်အေကို ပြောပါတယ်။

ရခိုင်ပြည်နယ်  မြောက်ဦးမြို့မှာနေထိုင်တဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးကို ၂ဝ၁၁  ခုနှစ်အတွင်း ဒေသခံ လယ်သမားတွေ ဆန်ကုန်သည်တွေထံက ငွေကျပ်သိန်းပေါင်း ၄၃ဝဝ  ကျော်လိမ်လည်မှုအတွက် နစ်နာသူတွေက သက်ဆိုင်ရာကိုတိုင်ကြားခဲ့ရာမှာ မြို့နယ်နဲ့ ခရိုင်တရားရုံးအဆင့်ဆင့်က တရားစွဲခွင့်ပြုခဲ့ပေမယ့်  ပြည်နယ် တရားလွှတ်တော် တရားသူကြီးဖြစ်တဲ့ ဒေါ်စီစီက  တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလိုဆုံးဖြတ်ချက်ချမှုအတွက် ဒေါ်စီစီကို အာဏာအလွဲသုံးစားလုပ်မှုနဲ့ အရေးယူဖို့ လွှတ်တော်အမတ်တွေက တင်ပြခဲ့ရာမှာ ပြည်နယ်အစိုးရက စုံစမ်းရေးကော်မတီဖွဲ့ပြီး စစ်ဆေးနေဆဲမှာပဲ သမ္မတက ခုလိုနုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားသူကြီးဟောင်း ဒေါ်စီစီနဲ့ လိမ်လည်မှုအတွက် စွပ်စွဲခံရသူ စီးပွားရေးလုပ်ငန်းရှင် ဒေါ်မသန်းတင်တို့ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

လွှတ်တော်အမတ် ဦးအောင်မြကျော် နဲ့ RFA ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

ကွန်မင့်များ (6)
Share

(

လာဘ်စားတယ်ဆိုတာမဖော်ထုတ်နိူင်ပါ ၎င်းရဲ့ဆုံးဖြတ်ချက်မှန်မမှန်အဆင့်မြင့်တရားရုံးက ဆုံးဖြတ်မည် ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ယခုအမှုကိုစီစစ်မည့်တရား သူကြီးများဥပဒေနှင့်ညီမညီစီစစ်ရန် တွန့်ဆုတ်သွားစေနိူင်ပါသည် သမ္မတကလည်း ဥပဒေအရနှုတ်ထွက်ခွင့်ပြုခြင်းသာဖြစ်ပြီး နှုတ်ထွက်သူမှာလည်း မဲဖြင့်ဆုံးဖြတ်သောအခါ ထွက်ရမည်နားလည်၍နှုတ်ထွက်ခြင်း ဖြစ်မည်

Nov 18, 2013 04:55 AM

(

၀အောင်စားပြီးအေးအေးဆေးဆေး အနားယူရမယ်ဆိုရင်
ဘယ်သူမဆို ရသလောက်မျိုဆို့နေဦးမှာဘဲ လူမိုက်အားပေးတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ပေးပါ
အာဆီယံ ဖွတ် ဥက္ကဌ ဖွတ် သမ္မတ ကို ပြည်သူတွေသိနေပါပြီ မယုံတော့ပါဘူး
ပြောနေတာကclean government... ဖြစ်နေတာက dirty government

Oct 25, 2013 12:40 PM

အမည်မဖော်လိုသူ

အဲဒါလည်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နေမှာပေါ့။

Oct 24, 2013 09:54 PM

အမည်မဖော်လိုသူ

ဒါ “အကျင့်ပျက်ခြစားမှူတိုက်ဖျက်နည်း” လား။
“ပုလင်းတူ ဗူးဆို့နည်း” လား။

Oct 24, 2013 01:16 AM

အမည်မဖော်လိုသူ

ဒါဆိုရင်တော့...သဘောဆန္ဒရှိသလောက် လာဘ် ဝအောင်စား
ပြီးမှ ရရှိထားတဲ့ လာဘ်ငွေတွေကို စိတ်အေးလက်အေး သုံးဆောင်
ခံစားနိုင်အောင်လို့ သဘောဆန္ဒအလျှောက်တာဝန်ကနုတ်ထွက်
ခွင့်ပေးလိုက်မယ်ဆိုတဲ့ သဘောပေါ့နော်..

Oct 24, 2013 12:37 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့