စစ်ကောင်စီရွေးကောက်ပွဲ တရုတ်ထောက်ခံတာကို ဗြိတိန်ရောက်မြန်မာတွေ ဆန္ဒပြ

RFA Burmese
2024.11.09
စစ်ကောင်စီရွေးကောက်ပွဲ တရုတ်ထောက်ခံတာကို ဗြိတိန်ရောက်မြန်မာတွေ ဆန္ဒပြ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် မြန်မာတိုင်းရင်းသားများ ဆန္ဒပြနေကြသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ဗြိတိန်ရောက် မြန်မာတိုင်းရင်းသားတွေ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံရုံးနဲ့ မန်ချက်စတာမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ နိုဝင်ဘာ ၉ ရက်က သွားရောက် ဆန္ဒပြကြပါတယ်။

စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရုတ်အစိုးရက ထောက်ခံအားပေးနေတာကို ကန့်ကွက်ကြပါတယ်။

ဒါတင်မက ERO တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖိအားပေးပြီး အပစ်ရပ်ခိုင်းနေတာ၊ အထူးသဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ကူမင်းမြို့ကို ဖိတ်ခေါ်ပြီး တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတာတွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြု ဆန့်ကျင်နေတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ဆန္ဒပြကြတာပါ။

ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တရုတ်အစိုးရက ဖိအားပေးဖို့၊ စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်မပြုဖို့၊ စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီမရောင်းချဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ERO တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေတောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကိုလည်း လက်မှတ်ထိုးပေးခဲ့ပါတယ်။

မြန်မာ့ပြည်တွင်းရေးမှာ တရုတ်အစိုးရ ဝင်မစွက်ဖက်ဖို့နဲ့ မြန်မာပြည် အနာဂတ်ကို မြန်မာပြည်သူတွေပဲ ဆုံးဖြတ်ခွင့်ရှိတယ်လို့ ကြွေးကြော်ဆန္ဒပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။