စစ်ဘေး ဒုက္ခသည်တွေ ဆင်းရဲဒုက္ခ ကြုံနေရစဲ

ကချင်ပြည်နယ်မှာ စစ်ဘေးရှောင် ထွက်ပြေးသွားပြီးနောက် ကိုယ့်ရပ်ရွာ အိမ်ပြန်သွားတဲ့ ဒုက္ခသည်များဟာ သူတို့အိမ်တွေ ဖေါက်ထွင်းဖျက်ဆီး ခံထားရတာကို တွေ့ကြရတယ်လို့ ဒုက္ခသည်တွေနဲ့ နီးစပ်တဲ့ ကချင်ဒေသခံတွေက ပြောပါတယ်။

2013.02.15

အိမ်များဖေါက်ထွင်းခံရတဲ့ဒေသများဟာ ဖါးကန့်လုံခင်းနယ်ကဖြစ်ပြီး ပြီးခဲ့တဲ့လတွေအတွင်းက အစိုးရတပ်များနဲ့ KIO အဖွဲ့တို့ရဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရွာများကဖြစ်ကြပါတယ်။ ဖါးကန့်နယ် KIA တပ်မဟာ ၂ တပ်ရင်း ၆၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဇော်တွဲက  ပြောပါတယ်။

ဖါးကန့်မြို့အနီး ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၇ထောင်ခန့်ရှိပြီး ဒုက္ခသည်တွေဟာ စစ်ပွဲများရပ်တန့်နေတာကြောင့် နေအိမ်တွေကို ခေတ္တပြန်ပြီး လိုအပ်တဲ့ပစ္စည်းများယူဖို့ သွားကြတာဖြစ်တယ်လို့ဆိုပါတယ်။ ဒုက္ခသည်စခန်းတွေမှာ လက်ရှိအခြေအနေအရ စားသောက်ဖို့ ဆန်အလုံအလောက်ရှိပေမဲ့ တခြားအဝတ်အစားနဲ့ အသုံးအဆောင်များ လိုအပ်လျက်ရှိတယ်လို့ စခန်းတာဝန်ခံတွေကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂအဖွဲ့က ဖါးကန့်နယ်က ဒုက္ခသည်တွေအတွက် ထောက်ပံ့ဖို့လာရောက်တဲ့ ကုန်ကားများဟာ မြစ်ကြီးနားမှ ထွက်ခွာခွင့်ကို အာဏာပိုင်တွေက မပေးသေးတာကြောင့် မသွားရောက်နိင်သေးဘူးလို့ သိရပါတယ်။

ကချင်ဒုက္ခသည်တွေရဲ့ လောလောဆယ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အကြောင်းကိုတော့ RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်.

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။