KNU ကရင် ကိုယ်စားလှယ်များ UNFC ညီလာခံမှ နှုတ်ထွက်

2014-08-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို သြဂုတ်လ ၃၁ ရက်နေ့က ချင်းမိုင်မြို့ UNFC ရဲ့ညီလာခံမှာ တွေ့ရစဉ်
ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို သြဂုတ်လ ၃၁ ရက်နေ့က ချင်းမိုင်မြို့ UNFC ရဲ့ညီလာခံမှာ တွေ့ရစဉ်
Photo:Aung Moe Myint/ RFA

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှု မရှိတာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ်တချို့ အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ပဲ နှုတ်ထွက်သွားခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ် KNU အဖွဲ့က မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ လည်းဖြစ်တဲ့ ပဒိုဒေးဗစ်တာကပေါက KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီတာကြောင့် ဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။

"ထွက်သွားတာကတော့ ဒီလိုပါ၊ သူတို့အနေနဲ့ UNFC ရဲ့ အခြေခံ ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်တယ်၊ ပြင်ဆင်တယ်၊ အဲ့ဒီမှာ သူတို့အနေနဲ့ က ဖြည့်စွက်ချင်တာတွေ၊ ပြင်ဆင်ချင်တာလေးတွေ ကို အဲ့ဒါကို ပြန်ပြီးတော့ ဆွေးနွေးဖို့လိုတယ်လို့ ဆိုပြီးတော့ ထွက်သွားခြင်းဖြစ်ပါတယ်၊ ပြန်လာမှာပါ သို့မဟုတ်ရင်လည်း ပြန်အကြောင်းကြား မှာပေါ့လေ၊ ကျနော်တို့ တပ်ပေါင်းစုထဲက အဖွဲ့အစည်းတွေ ကတော့ တစ်ဦးနဲ့တစ်ဦးအခြေအနေ မတူဘူးပေါ့၊ သူတို့က ဟိုမူအတိုင်း ကျင့်သုံးတာ ဖြစ်ပါတယ၊် KNU အနေနဲ့က တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့မူပေါ့လေ"

KNU အဖွဲ့အနေနဲ့လက်ရှိ UNFC ရဲ့ ဖွဲ့စည်းအုပ်ချူပ်ပုံနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့အနေနဲ့ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အဖွဲ့အတွင်း ပြန်လည်ချပြဆွေးနွေးပြီးမှ UNFC ကို KNU အဖွဲ့ဝင် ကိုယ်စားလှယ် ပြန်ပေး၊ မပေးဆိုတာနဲ့ အဖွဲ့ဝင်အဖြစ် ဆက်လက်ခံယူသွားဖို့ ရှိ၊မရှိ ဆိုတာတွေကို အကြောင်းပြန် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင် ၁၂ ဖွဲ့ထဲက UNFC ရဲ့ လက်ရှိစုဖွဲ့မှုနဲ့ မူဝါဒကို အဖွဲ့ ၁၁ ဖွဲ့ကသဘောတူကြပေမယ့်  KNU အဖွဲ့က အခုလိုအစည်းအဝေးက ထွက်သွားတာဟာ KNU အဖွဲ့ရဲ့ နောက် ကွယ်မှာဖိအားပေးမှု တစ်စုံတစ်ရာရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူတွေ ရှိနေကြပါတယ်။

လက်ရှိ UNFC အဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာကတော့  ဒါဟာ UNFC အဖွဲ့ကနေ KNU နှုတ်ထွက်သွားတာ မဟုတ်သေးကြောင်းသာပြောဆိုပြီး တခြားမေးမြန်းမှုတွေအပေါ် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

နေ့လည်ပိုင်း UNFC ရဲ့ညီလာခံကို ဆက်လက်ကျင်းပပြီး အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့အတွက် ညီလာခံကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။ ညီလာခံကို မနက်ြဖန် စက်တင်ဘာလ ၁ ရက်နေ့မှာ အဆုံးသတ်မယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (6)
Share

အမည်မဖော်လိုသူ

ဒိဲတခါထပ်တွေ့ရင်နောက်တစ်ခါသမတထပ်လုပ်ပါဥိဲးလို့အနားကပ်ပြောရင်းနဲ့နရင်းသာအုပ်ထဲ့လိုက်ပေတော့

Sep 23, 2014 10:09 AM

အမည်မဖော်လိုသူ

နေရပ်- Yangon.

KNU might have some secret agreement with present government but that is not good solution for Karen people. Keren leaders show their disunity minded with other groups.

Sep 02, 2014 01:04 AM

အမည်မဖော်လိုသူ

တိုင်းရင်းသား ကိုယ်စားလှယ်တွေကို စီးပွားရေးအခွင့်အလမ်း ပုံစံ အမျိုးမျိုးနဲ. မက်လုံး ပေးပြီး သွေးကွဲအောင် လုပ်ြ ပီး ဒို့တာဝန်အရေး ၃ ပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လိုက်နာရန်စတဲ့အချက်တွေ ပါဝင်ပါတယ်။

Sep 01, 2014 09:52 AM

Zung Ring

နေရပ်- Myitkyina

It's a setback for UNFC and especially a sign of weakness in UNFC's unity. It is interesting to know why only KNU cannot agree with the UNFC principles while all other members can agree! If KNU leaders care for the interests of Karen people, they should be able to agree with UNFC because unity is strength. Break away from UNFC will only do no good to any group including KNU.

Aug 31, 2014 03:25 PM

ပြောပြန်ရင်လည်း

နေရပ်- AM လွန်ရာ ကျမယ်

“စလယ်ဝင် ဖင်မမည်းခင်က ကွဲ”တော့ “မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေ” ဖြစ်ပြီပေါ့။

Aug 31, 2014 02:13 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့