KNU တပ်မဟာ ၁ ရဲ့ တပ်မှူး ကွယ်လွန်

2021.08.10
KNU တပ်မဟာ ၁ ရဲ့ တပ်မှူး ကွယ်လွန် KNU တပ်မဟာ ၁ တပ်မှူး ဗိုလ်မှူးချုပ် စောပလေ့ ကို တွေ့ရစဥ်
ဓာတ်ပုံ - ကေအဲန်ယူ- ဒူးသထူ သထုံခရိုင်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၁ တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် စောပလေ့ ဟာ ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ KNU က တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

အသက် ၅၆ နှစ်အရွယ် ဗိုလ်မှူးချုပ် စောပလေ့ဟာ KNU တပ်မဟာ ၁ နယ်မြေ၊ ဒူးသထုံခရိုင်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ ဒီနေ့မနက် ၄ နာရီက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

KNU ဒူးသထုံခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်အရ ဗိုလ်မှူးချုပ်စောပလေ့ဟာ ကျန်းမာရေးယိုယွင်းပြီး ကွယ်လွန်ခဲ့တယ်လို့သာ ဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတာနီးကလည်း တပ်မဟာ ၁ တပ်မှူးဟာ ဘာရောဂါနဲ့ သေဆုံးတယ်ဆိုတာ မသိရဘူးလို့ RFA ကို ပြောပြပါတယ်။

လက်ရှိမှာတော့ ဗိုလ်မှူးချုပ် စောပလေ့ရဲ့ ရုပ်အလောင်းကို သထုံခရိုင်ထဲက သာဟောထီကို သယ်ဆောင်ပြီး ဈာပနကို ဩဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပသွားဖို့ရှိနေပါတယ်။

ဗိုလ်မှူးချုပ် စောပလေ့ဟာ တပ်မဟာ ၁ ရဲ့ တပ်မှူးတာဝန်မထမ်းဆောင်ခင်က တပ်ရင်း ၂ ရဲ့ တပ်ရင်းမှူး၊ ဗျုဟာမှူး အစရှိတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။