ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေး ၃ လ ထပ်မံတိုးမြှင့်

2015-08-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လောက်ကိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က ကင်းလှည့်နေတဲ့ မြန်မာစစ်သားတချို့ကို တွေ့ရစဉ်
လောက်ကိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က ကင်းလှည့်နေတဲ့ မြန်မာစစ်သားတချို့ကို တွေ့ရစဉ်
Photo: AFP

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တတိယအကြိမ်အဖြစ် စစ်အုပ်ချုပ်ရေးကာလ နောက်ထပ်ရက် ၉၀ တိုးပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ပြန်လည်တည်ငြိမ်းရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ အတွက် နောက်ထပ်ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့လိုအပ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

"စီးပွားရေးကဏ္ဍများကို ပုံမှန်အနေအထား ပြန်လည်ရောက်ရှိစေရေးအတွက် စီမံခန့်ခွဲပေးရန်လည်း လိုအပ်လျှက်ရှိပါသေးတယ်၊ သတ်မှတ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲမှုတို့အား ပြီးပြတ်အောင်ဆောင်ရွက်ဖို့အတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ထပ်မံ၍ ရက်ပေါင်း ၉ဝ စစ်အုပ်ချုပ်ရေး တိုးမြှင့်ပေးသင့်ပါကြောင်း ထောက်ခံတင်ပြအပ်ပါတယ်"

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေးတိုးပေးဖို့အတွက် လောက်ကိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဦးဖုန်းကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့တဲ့အတွက် ဖေဖော်ဝါရီလက ၁၇ ရက်နေ့က စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့