ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရ

မကွေးတိုင်းထဲက ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းမှာ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ YDF က သတင်းထုတ် ပြန်ထားပါတယ်။

ဂန့်ဂေါကနေ ကလေးမြို့ကိုသွားတဲ့ စစ်ကောင်စီရဲ့ ခလရ ၅၀ တပ်က ထရပ်ကားသုံးစီးပါ ယာဉ်တန်းကို (YDF) တပ်ဖွဲ့ဝင်တွေက ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကနေ ယာဉ်တန်းနောက်ဆုံးက ထရပ်ကားတစ်စီး ကားရှေ့မှန်နဲ့ ဘေးတစ်ခြမ်း ပျက်စီးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူတွေရှိနိုင်တယ်လို့ YDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းမှာ စစ်တပ်ရဲ့ ထရပ်ကား လေးစီးပါ ယာဉ်တန်းကို YDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီးမိုင်းထိခဲ့ပါတယ်။