မိုးထိမိုးမိ ရွှေလုပ်သားတွေ ချီတက်
2012.11.18
နေပြည်တော်ထိ လမ်းလျှောက်ဆန္ဒပြနေတဲ့ မိုးထိမိုးမိရွှေလုပ်သားများကို ရန်ကုန် မန္တလေးလမ်းမပေါ်တွင် တွေ့မြင်ရစဉ်
Photo: RFA/Sai Htun Aung Lwin
ရွှေတွင်းအလုပ်သမား (၈၁)ဦးဟာ ဒီကနေ့မှာ တောင်ငူမြို့ကနေ ထွက်လာပြီး နောက်(၄)ရက်အကြာမှာ နေပြည်တော်ကို ရောက်ရှိမှာ ဖြစ်တယ်လို့ လမ်းလျှောက် ဆန္ဒပြနေတဲ့ အလုပ်သမားတစ်ဦးက RFAကို ပြောပါတယ်။
အလုပ်သမားတွေဟာ ရန်ကုန်မြို့မှာ ဆန္ဒဖေါ်ထုတ်ဖို့ ခွင့်ပြုမိန့် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့တာကြောင့် ရန်ကုန်မြို့ကနေ မိုင်၂၇၀လောက် အကွာအဝေးရှိတဲ့ နေပြည်တော်ကို ချီတက်လမ်းလျှောက် ဆန္ဒပြကြတာပါ။
နေပြည်တော်မှာရှိတဲ့ သတ္တုတွင်းဝန်ကြီးဌာနရုံး၊ ပြည်သူ့လွှတ်တော်ရုံးတွေမှာ ဆန္ဒပြတောင်းဆိုဖို့အပြင် သမ္မတဦးသိန်းစိန်ရဲ့အိမ်တော်မှာလည်း အသနားခံ တောင်းဆိုဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ရွှေတူးလုပ်သားတွေဟာ ဇွန်လ ၁ ရက်ကစပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။









