လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ဇနီးကို စစ်ကောင်စီ စွပ်စွဲဖမ်းဆီးထား

2021.08.27
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ဇနီးကို စစ်ကောင်စီ စွပ်စွဲဖမ်းဆီးထား ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ဇနီးကို တွေ့ရစဥ်
Photo: Naing Ngan Lin Facebook

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းဟာ ဩဂုတ်လ ၂၅ ရက်နေ့က အင်းစိန်ထောင်ကို ထောင်ဝင်စာသွားပို့နေချိန် မနက်ပိုင်းမှာပဲ စစ်ကောင်စီက ဖမ်းဆီးတာခံခဲ့ရပါတယ်။

သူ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ရိက္ခာထောက်ပံ့မှုနဲ့ ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပြောဆိုပါတယ်။

ဒေါ်ခင်စန္ဒာဝင်းဟာ အာဏာသိမ်းပြီးနောက် မတ်လကစလို့ PDF တွေအတွက် ဆန်၊ ဆီတို့ကို ထောက်ပံ့ခဲ့ပြီး သန်လျင်မြို့နယ်၊ လှည်းကူးမြို့နယ်နဲ့ တိုက်ကြီးမြို့နယ်တို့ကို ရိက္ခာပို့ခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထား တာပါ။

စစ်ကောင်စီက အခုလိုစွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ မိသားစုဝင်တွေရဲ့ တုံ့ပြန်ချက်ကိုရဖို့ RFA က ကြိုးစားနေ ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း ဦးနိုင်ငံလင်းရဲ့ ကိုယ်ရေးအရာရှိ မင်္ဂလာဒုံမြို့နယ် NLD အလုပ် အမှုဆောင်အဖွဲ့ဝင် ကိုအေးမင်းစိုး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်ခင်မြတ်သူနဲ့ NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတဲ့နေ့ မနက်ပိုင်းကစလို့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။