ကမ္ဘာ့ဖလား ဘောလုံးခြေစစ်ပွဲအတွက် ပြီးခဲ့တဲ့ မေလက ဂျပန်နိုင်ငံကို ရောက်လာတုန်း စစ်တပ်က အာဏာ သိမ်းတာကို မကျေနပ်ကြောင်း လက်သုံးချောင်းထောင်ပြီး ဆန္ဒပြခဲ့တဲ့ အရန်ဂိုးသမား ပြည့်လျှံအောင်ကို ဂျပန်နိုင်ငံက ခိုလှုံခွင့် ပေးတော့မယ်လို့ AFP သတင်းမှာ ဒီကနေ့ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကိုပြန်ရင် သူ့အတွက် အန္တရာယ်ရှိလို့ ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံဖို့ ဂိုးသမား ပြည့်လျှံအောင်က ဆုံးဖြတ်ခဲ့တာပါ။
သူ့ကို ဂျပန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပြုဖို့ ဂျပန်အစိုးရက ဆုံးဖြတ်လိုက်တဲ့အကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဂျပန် သတင်းမီဒီယာတွေမှာ ဒီကနေ့ဖော်ပြနေကြတဲ့ အကြောင်း AFP သတင်းမှာ ရေးသားထားပါတယ်။