စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရကို NUG မတရားအသင်းကြေညာ

စစ်ကောင်စီက မနေ့က သြဂုတ်လ ၁ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း ဩဂုတ်လ ၂ ရက်နေ့ ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရဖွဲ့ကြောင်း ကြေညာတာဟာ ဘယ်တည်ဆဲဥပဒေနဲ့မှ မကိုက်ညီသလို၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ထိခိုက်စေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ NUG တရားရေးဝန်ကြီးဌာန က ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်၊ စစ်ကောင်စီ ဒု-ဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဒု-ဝန်ကြီးချုပ်အဖြစ် ပါဝင်နေပြီး ဝန်ကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံး တို့ ပါဝင်ပါတယ်။