ဥက္ကံမြို့မှာ ပဋိပက္ခဖြစ်ပွား

2013-04-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဥက္ကံမြို့မှာ ဖျက်ဆီးခံရတဲ့ဗလီနားတွင် ဧပြီလ ၃၀ ရက်နေ့က လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်
ဥက္ကံမြို့မှာ ဖျက်ဆီးခံရတဲ့ဗလီနားတွင် ဧပြီလ ၃၀ ရက်နေ့က လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်
Photo: RFA

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာ ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။

အခုလို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသ တည်ငြိမ်အေးချမ်းမှုရှိစေဖို့အတွက် ဒီကနေ့ ညနေ ၅ နာရီကစတင်ပြီး ဥက္ကံမြို့ကို ပုဒ်မ (၁၈၈) အမိန့် ထုတ်ပြန်လိုက်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက လိုက်လံကြေညာပါတယ်။

ဥက္ကံမြို့ ပြန်လည်တည်ငြိမ်းအေးချမ်းစေဖို့အတွက် ရန်ကုန်တိုင်းရဲမှူးကြီး သူရဝင်းနိုင်က နယ်မြေခံ တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်နေသလို ဥက္ကံမြို့ပတ်ဝန်းကျင်က မြို့နယ်တွေကိုလည်း တည်ငြိမ်မှုရှိစေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ဥက္ကံမြို့မှာ ပထမဆုံးအကြိမ်  ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဥက္ကံမြို့ကိုရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုကျော်ဇောဝင်းကို သတင်းထောက်မသူဇာက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (6)
Share

အမည်မဖော်လိုသူ

တို့ဗမာတွေ ပျံသန်းချိန်တန်ပြီ။ ကြေက်မွှေးပါ ဇာဂနာ နဲ့နုတ်ပစ်

May 07, 2013 10:30 AM

Evil Desires

A group of Well paid people are collaborating with their foreign masters and committing these crimes and fulfilling their evil interests by killing innocent people. What goes around comes around. May God punish those who mastermind and committed these crimes against humanity.

May 02, 2013 12:21 PM

အမည်မဖော်လိုသူ

Though Buddhism is not violence, Buddhists are so hasty to revenge to the others regardless of people's life.Be patient. Because violence causes troubles not only to others but also to your own family and people.Tooth for tooth will never lead to peace.

May 01, 2013 08:59 PM

အမည်မဖော်လိုသူ

ဒါတွေဆက်ဖြစ်မယ် မွတ်စ်လင်တွေအကြမ်းဖက်ခံနေရတယ်
ပြသနာရဲ့ဇစ်မြစ်က ဘုန်းကြီး ရဟန်းအတုတွေရယ် ဒီမိုကရေစီးစနစ်ကို မနာလိုလက်မခံနိုင် တဲ့ ခရိုနီးစစ်အာဏာရှင်တွေ ဖြစ်တယ်

May 01, 2013 10:28 AM

မြန်မာတိုင်းရင်းသူ

နေရပ်- ပြည်ပတနေရာ

မတော်တဆ ၀င် တိုက်မိကြတယ် ဆိုရင် တိုက်မိသူက တောင်းပန်၊ အတိုက်ခံရသူကလဲ ကျေအေး၊ ကိုရင်ငယ် သပိတ်ကို အစားထိုး ပြန်ဝယ်ပေးလိုက်ကြရင် ပြီးနိုင်မယ့် ကိစ္စထင်ပါတယ်။
[ အခုပြောသလို ပြန်လည်တောင်းပန်တယ်လို့ နောက်ဆက်တွဲ ကြားသိရပါတယ်။ ဖြစ်ပုံ အသေးစိတ်ကို ဆက်လက်စုံစမ်းနေပါတယ်။ အယ်ဒီတာ။]

Apr 30, 2013 11:47 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့