လူမှုရေးကိစ္စကနေ ဘာသာရေး ပြဿနာအဖြစ် မဖန်တီးကြဖို့ သီတဂူဆရာတော် တိုက်တွန်း

2013-03-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သီတဂူဆရာတော် အရှင်ဥာဏိဿရ
သီတဂူဆရာတော် အရှင်ဥာဏိဿရ
photo: www.dhammaweb.net

မနေ့က မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ ရှုမြင်တဲ့အတွက် နိုင်ငံတော်ရဲ့အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိဿရက ဒီကနေ့ RFA ကိုမိန့်ကြားပါတယ်။

"ဈေးအရောင်းအဝယ်ကိစ္စကို လူမှုရေးကိစ္စတွေ၊ဘာသာရေးကိစ္စတွေနဲ့ ရောပြီးတော့ အကုန်လုပ်ကြတဲ့အတွက်ကြောင့် နိုင်ငံမှာ ရှုပ်ထွေးတဲ့ ပြဿနာတွေ၊သူ့လမ်းကြောင်းနဲ့သူ ရှင်းရှင်းလင်းလင်း အလုပ်မလုပ်ကြတဲ့ တို့လူမျိုးတွေ၊ တို့နိုင်ငံမှာနေတဲ့ လူသားတွေအားလုံးပေါ့၊ အဲလိုအလုပ်မလုပ်တတ်ကြတာ တိုင်းပြည်အနာဂတ်မှာ စိုးရိမ်စရာတွေ ရှိတယ်"

ဒါ့အပြင် မြန်မာနိုင်ငံ အထက်ပိုင်းမြို့တွေမှာ သီတင်းသုံးတဲ့ သံဃာတော်တွေ မိတ္ထီလာမြို့ကို ကြွရောက်ဖို့ ပြင်နေကြတဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ သီတဂူဆရာတော်က အခုလို မေတ္တာရပ်ခံ ပန်ကြားပါတယ်။

"သံဃာတော် အရှင်မြတ်တို့ကလည်း ဆူပူမှုထဲပါဝင်တဲ့ ဆူပူလှုပ်ရှားသူများ မဖြစ်အောင်၊ ဆူပူမှုကိုဝိုင်းထိန်းတဲ့ ဘုရားသားတော်တွေပဲ ဖြစ်ချင်တယ်၊ ဆူပူမှုထဲပါဝင်တဲ့ ဆူပူသောင်းကျန်းသူများမဖြစ်အောင် စောင့်ဆည်းတော်မှုကြပါ"

ဆက်လက်ပြီးတော့ ပဋိပက္ခကိုဖြေရှင်းဖို့ ကြိုးစားနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ဥပဒေအတိုင်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ကြဖို့ အခုလို ပြောပါတယ်။

"လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ခြေလွန်လက်လွန်မဖြစ်ကြပဲ ဥပဒေအတိုင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ၊ ဥပဒေထဲမှာ ပညာ၊ ကရုဏာပါလို့ရှိရင် ဒီဥပဒေမှာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို အားပေးရာရောက်ပါတယ်၊ ကရုဏာ၊ ပညာကို လက်လွတ်ပြီး တစ်ခါတစ်ခါ ဒေါသလွန်ကဲလာရင် ဆူပူမှုကို ကိုယ်တိုင်အားပေးသလို ဖြစ်လာတတ်ပါတယ်"

မနေ့နေ့လည်က စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ယခုအချိန်ထိ သံဃာတော်တစ်ပါးနဲ့ မြို့ခံလေးဦး သေဆုံးခဲ့ပြီး၊ မိတ္ထီလာမြို့ရဲ့ မင်္ဂလာဇေယျုံနယ်မြေနဲ့ သီရိမင်္ဂလာရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။

ကွန်မင့်များ (7)
Share

Nyein Chan

နေရပ်- Yangon

Please, people,don't mix religion and patriotism with an ordinary crime. An ordinary crime committed, can be taken care of by the concerned authorities. But the authorities also need not to ignore their duties and should handle things instantly and effectively. If ordinary crimes are not dealt as they should be and become sectarian, patriotic views are dragged in our country is not going to be peaceful as before for a long time. People of different religions, races as well as ethnics will not be able to live in harmony any more, as before. My sincere thoughts for my country and countrymen.
May peace come to our country without delay.
" Kyan Mar Chan Thar Gya Bar Zay "

May 24, 2013 09:59 PM

Fair

Two Cause of riots are 1. Muslim goldshop owners and his group beat Buddhist customers, a Buddhist monk was the first to be killed, by a muslim group. please STOP fighting, both sides.

Mar 24, 2013 12:29 AM

ကျားသစ်

နေရပ်- တောင်ကြီး

ဟုတ်ပါတယ်

Mar 23, 2013 11:53 AM

မြန်မာတိုင်းရင်းသူ

နေရပ်- ပြည်ပတနေရာ

ဆရာတော်မိန့်ကြားချက်ဟာ အလွန် လျော်ကန်သင့်မြတ်ပါတယ်။ ဘယ်အရာမဆို အဖြစ်အပျက်တွေမှာ ပါဝင်သူတွေကို လူသားအနေနဲ့ပဲ မြင်ပြီး ဆက်ဆန်ကြပါ။ ဘာသာမတူ၊ လူမျိုးမတူတိုင်း ဘာသာရေးကြောင့်၊ လူမျိုးရေးကြောင့် ဆိုတာ ဆွဲထည့်နေလို့ မဖြစ်ပါဘူး။ သတင်းတွေကလဲ ရွှေဆိုင်ပိုင်ရှင်နဲ့ ပစ္စည်းပိုင်ရှင် လို့ပဲ ရေးလျှင် ရပါလျက်နဲ့ ဘာကြောင့် ဘယ်ဘာသာဝင် ဘာလူမျိုးဆိုတာ ထည့်ရေးနေချင်ကြတာလဲ။

Mar 21, 2013 04:49 PM

KHN

နေရပ်- BURMA

AH MYO MYO PA` ....ASOE YA KA PHAN TI NAY TAR........LU TWAY KA SHOUT LIKE NAY TAR...LAT PA DOWN PI TOP DI YORK LAR PYAN PI......THEIN SEIN BAL YORK NAY LA` .....PYI PA KO TWAR PI TOWN NAY PYAN PI LAR....DI LO PHIT MA TOWN LO YA MAL SO TOP DI LO PHAN TI PI TOWN TAR POT.....BAKE SONE LU DU TWAY PA` DOKE YORK KYA TAR POT....YAN MA PHIT KYA PAR NAT LO TOWN PAN PAR TAL....

Mar 21, 2013 10:42 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့