သမတသစ် ဦးသိန်းစိန်၏ လက်တွေ့လုပ်ဆောင်ချက် မမြင်ရသေး
သမတသက်တမ်း တလနီးပါး ရှိလာပြီဖြစ်တဲ့ ဦးသိန်းစိန်ဟာ လွှတ်တော်နဲ့ လူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ကိုက်ညီတဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ ဘာတခုမှ မမြင်တွေ့ရသေးကြောင်း၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်မပေးသေးတဲ့အချက်က ဦးသိန်းစိန်ရဲ့ ပြောကြားချက်တွေကို အယုံအကြည် ပျက်ပြယ်စေကြောင်း၊ အစိုးရသစ်အပေါ် အဆိုးမြင်နေသူတွေ အယုံအကြည်ကင်းမဲ့ နေသူတွေကို မှားယွင်းကြောင်း သက်သေပြနိုင်ဖို့ကတော့ ဦးသိန်းစိန် ရှေ့ဆက်မဲ့ ခြေလှမ်းပေါ် မူတည်နေကြောင်း၊ ဆောင်းပါးရှင် လယ်ရီ ဂျေဂင်က သုံးသပ်ထားပါတယ်။
ဒီဆောင်းပါးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ကောက်နုတ် ဘာသာပြန်ဆိုထားပါတယ်။