သီပေါမြို့နယ်မှာ မိုင်းနင်းမိတဲ့ သားအဖ ဒဏ်ရာရ


2016.07.19
mine-injure-620.jpeg မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျောင်းစုကျေးရွာက သားအဖနှစ်ဦးကို လားရှိုးဆေးရုံးမှာ ဇူလိုင်လ ၁၈ ရက်နေ့ကတွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကွန်ဟောက်ကျေးရွာမှာ ဒေသခံသားအဖနှစ်ဦး မနေ့က မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိထားတာကြောင့် လားရှိုးမြို့နယ်ဆေးရုံမှာ ဆေးကုသနေပါတယ်။

ကျောင်းစုကျေးရွာကနေ ထင်းရှူးပင်ခုတ်ဖို ့သွားရာလမ်းမှာ မိုင်းနင်းမိတာဖြစ်ပြီး လက်နဲ့ခြေထောက်တွေမှာ ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ သီပေါဇာတ်စုလူငယ်အဖွဲ့ က ကိုမျိုး က ပြောပါတယ်။

"သူတို့နေတဲ့ နေရာကတော့ သီပေါကျောင်းစုရွာသစ်ကပါ၊ မိုင်းထိတာကတော့ သီပေါမြို့နယ် ကွန်ဟောက် ကိုသွားတဲ့လမ်းမှာ ကားလမ်းနဲ့ ၁၅ ပေအကွာလောက်မှာ ကလေးကတော့ လက်ရော၊ ခြေထောက်ရော ဒဏ်ရာရတယ်၊  ဖအေကတော့ ခြေထောက်မှာ၊ သူတို့သားဖက ထင်းရှုးဆီသွားသယ်တာလို့ပြောတယ်"

ဒဏ်ရာရရှိထားသူနှစ်ဦးကို လားရှိုးဆေးရုံ အရေးပေါ်ဌာနကနေ အရိုးကုသဆောင်ကို လွဲှပြောင်းပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နဲ့ ကျောက်မဲမြို့နယ်တွေမှာ အစိုးရတပ်မတော်၊ RCSS/SSA နဲ့ TNLA တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရတာတွေ သေဆုံးတာတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ကွန်ကော်ရွာနဲ ့ကောင်နိမ့်ရွာကြားမှာ ဒေသခံတချို့ မိုင်းနင်းမိတာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။

မိုင်းနင်းမိတာတွေ မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေဟာ တောင်ယာလုပ်ဖို့၊ အသီးအရွက်ခူးဖို့ ကြောက် လန့်နေကြရတယ်လို့ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။