ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC စတင်ဖွဲ့စည်းချိန်က ပါဝင်ခဲ့တဲ့ KNO ကချင် အမျိုးသားအစည်းအရုံးနဲ့ ယာယီအဖွဲ့ဝင်အဖြစ်က ရပ်နားထားတဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ကို လာမယ့် အရေးပေါ်ညီလာခံမှာ ပါဝင်တက်ရောက်ဖို့ မနေ့ကပြီးစီးသွားတဲ့ UNFC စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစပြီး ၃ ရက်ကြာ ကျင်းပခဲ့တဲ့ စည်းဝေးပွဲမှာ အခုလိုဆုံးဖြတ်တာဖြစ်ပြီး UNFC အဖွဲ့အနေနဲ့ NCA လမ်းကြောင်းကတဆင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
UNFC အရေးပေါ်ညီလာခံကို လာမယ့် ဇူလိုင်လမှာ ကျင်းပမှာဖြစ်ပါတယ်။