လက်ပတ်ဝတ်လှုပ်ရှားမှု ပဲခူးတက္ကသိုလ် ပိတ်ပင်

လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်း တာကို ကန့်ကွက်တဲ့အနေနဲ့ ပဲခူးတက္ကသိုလ် ကျောင်း သားများသမဂ္ဂက လက်ပတ်အဖြူနဲ့ အနက်တွေ ဝတ်ဆင်ပြီး စာမေးပွဲဖြေဆိုဖို့ ကြိုးစားသူတွေကို ပါမောက္ခချုပ်က တားမြစ်ခဲ့ပါတယ်။

ပဲခူးမြို့ ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ် စာမေးပွဲနောက်ဆုံးနေ့မှာ လက်ပတ်အဖြူနဲ့ အနက်ဝတ်ဆင်သူတွေကို ကျောင်းထဲ ဝင်ခွင့်မပေးတဲ့အတွက် လက်ပတ်တွေကို ဖြုတ်ထားခဲ့ ရတယ်လို့ ပဲခူးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖဲ့ွဝင် ကိုမျိုးကိုက ပြောပါတယ်။

"ကျနော်တို့ ပဲခူးတက္ကသိုလ်မှာ စာမေးပွဲနောက် ဆုံးရက်ခင်ဗျ၊ ကျနော်တို့ အေးအေးချမ်းချမ်းနဲ့ လက်ပတ်အဖြူ လက်ပတ်အနက်တွေ ဝတ်ထားတယ်၊ ဒါပေမဲ့ ပါချုပ်ကိုယ်တိုင်က လက်မခံဘူး၊ တံခါးကိုဆွဲပိတ်လိုက်တယ်၊ လက်ပတ်တွေကို အပြင်မှာပဲထားခဲ့ပါ၊ အထဲကိုလုံးဝပေးမဝင်ပါဘူး၊ အဲဒီ့အခါ ကျောင်းသားတွေက လက်ပတ်တွေကို အပြင်မှာထားပြီးတော့မှ အခန်းထဲကိုဝင်ဖြေရတယ်၊ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ အပြစ်မရှိပဲနဲ့ အကျဉ်းသားသဖွယ် အချုပ်ထဲမှာ အကျဉ်းကျခံနေရတယ်ပေါ့၊ ဒီကျောင်းသားတွေ အမြန်ဆုံးလွှတ်မြောက်ဖို့အတွက်ကို ကျနော်တို့ကျောင်းသားတွေ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဆုတောင်းပွဲလုပ်တယ်"

ပဲခူးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၂၀ ကျော်က သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ပဲခူးမြို့ ရွှေမော်ဓောဘုရားနဲ့ ကြေးသွန်းဘုရား မှာ ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။