ဧရာဝတီကို ကယ်တင်ရေး
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ မြစ်ဆုံရေကာတာ နဲ့ နောက်ထပ် ရေကာတာ ၆ ခုကြောင့် ဧရာဝတီ မြစ်ကြီးကို ပျက်စီးစေနိုင်ပြီး ကချင်ပြည်သူတွေနဲ့ မြစ်ရိုးတလျှောက် အသက်မွေးဝမ်းကြောင်းနေတဲ့ ပြည်သူ သန်းပေါင်းများစွာ ဘဝတွေ ပျက်သုဉ်းသွား နိုင်တဲ့အကြောင်း ဆွေးနွေးထားကြပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ ညွှွန့်ပေါင်းအစိုးရအဖွဲ့ဝင်၊ ဆည်မြောင်းဝန်ကြီးဌာန အင်ဂျင်နီယာဟောင်း ဦးဘိုလှတင့်၊ USCB မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မူဝါဒ ညွန်ကြားရေးမှူး ဦးအောင်ဒင်နဲ့ အမေရိကန်ပြည်ထောင်စု ဘာကလေ တက္ကသိုလ်က ကိုမင်းဇင်တို့ ဖြစ်ပါတယ်။