ကျေးလက်နေ ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ


2012.08.30
adayinthelife-305.jpg ကျေးလက်နေ ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ
Photo: RFA

၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် အသွင် ကူးပြောင်းလဲလာခဲ့တာဟာ အခု ၂ဝ၁၅ မေလဆိုရင် ၄ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။

အစိုးရသစ်နဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ က နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ ကျေးလက်နေပြည်သူတွေ အပေါ် ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေ အပြောင်း လဲတွေ ဖြစ်ပေါ်စေပါသလဲ။

ဒီအကြောင်းတွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ တစိတ်တပိုင်းတင်ပြနိုင်ဖို့ ၂၀၁၅  မတ်လနဲ့ ဧပြီလဆန်း မှာ မြန်မာကျေးလက်ဒေသတချို့ကို RFA က လေ့လာ ခဲ့ပါတယ်။

-------------------------------------------------------------------------------------------------------------------

"ကျေးလက်နေပြည်သူတစ်ဦးနဲ့တစ်နေ့တာ" အစီအစဉ်မှာတော့ ရှမ်းပြည်နယ် အင်းလေးဒေသက လက်ဖက်တောင်သူတစ်ဦးနဲ့ တွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက သွားရောက်လေ့လာတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့တစ်နေ့တာ" အစီအစဉ်မှာတော့ ချင်းပြည်နယ် မင်းတပ်မြို့က ချိုချင်းရင်းသားခေါင်းဆောင်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက သွားရောက်လေ့လာတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" ဒီအစီအစဉ်မှာတော့ အညာကျေးလက်ဒေသက တရားမဝင် မီးသွေးဖုတ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မိသားစုတစ်ခုအကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" ဒီအစီအစဉ်မှာတော့ အညာကျေးလက်ဒေသတွေက ထန်းသမားအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ မိသားစုတစ်ခုအကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" ဒီအစီအစဉ်မှာတော့ ကျေးလက်ဒေသတွေမှာ နေထိုင်စရာအိမ်ခြံဆောက်ဖို့အတွက် သစ်မာဈေးကြီးလာတာနဲ့အမျှ ထန်းပင်ထန်းလုံးတွေကနေ အစားထုတ်သစ် အသုံးပြုလာကြတဲ့အကြောင်း ထန်းသားထုတ်သူတစ်ဦးနဲ့ တစ်နေ့တာတွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" ဒီအစီအစဉ်မှာတော့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ထုံးဘိုရွာမှာ အိမ်ခြံမြေ ဈေးကြီးမြင့်လာတာကြောင့် ပန်းစိုက်တောင်သူနဲ့ ဥယျာဉ်ခြံမြေလုပ်ငန်း နည်းပါးလာတဲ့အကြောင်း ပန်းစိုက်တောင်သူ မိသားစုတစ်စုနဲ့ တစ်နေ့တာတွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" ဒီအစီအစဉ်မှာတော့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှာ ကျေးလက်ဒေသပညာရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့ ဗုဒ္ဓဘာသာရဟန်းတစ်ပါးနဲ့ တစ်နေ့တာတွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" ဒီအစီအစဉ်မှာတော့ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ (ဒဘရင်းဂွဲ)ကျေးရွာမှာ ပြည်ပဈေးကွက်ရရှိလာတဲ့အတွက် လှည်းနွားနဲ့ထွန်တုံးကို အပြီးတိုင်စွန့်လွှတ်ပြီး သရက်ခြံလုပ်ငန်း လုပ်ကိုင်ကြသူတောင်သူတွေ များလာတဲ့အကြောင်း သရက်တောင်သူတဦးနဲ့ တစ်နေ့တာ တွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" ဒီအစီအစဉ်မှာတော့ မုံရွာအနောက်ဖက် ကြေးစင်တောင်၊ စံပယ်တောင်အနီးက ကျေးရွာတွေက ဒုတ္တာချက် အသက်မွေးရတဲ့ လယ်သမားတောင်သူတစ်ဦးနဲ့ တွေ့ဆုံခဲ့ပုံအကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" ဒီအစီအစဉ်မှာတော့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြင်စာရွာမှာ ပြည်တွင်းစစ်ဒဏ်ခံရတဲ့ မိဘမဲ့တိုင်းရင်းသားကလေးငယ်တွေကို မိဘမဲ့ဂေဟာဖွင့်လှစ်စောင့်ရှောက်နေသူ စာရေးဆရာကြီးတစ်ဦးနဲ့ တစ်နေ့တာအကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" ဒီအစီအစဉ်မှာတော့ မကွေးတိုင်း ရေစကြိုမြို့နယ် ပန်းတိုင်းခြုံရွာမှာ တိရစ္ဆာန်ဘေးမဲ့ဂေဟာ ဖွင့်လှစ်လုပ်ကိုင်နေသူတစ်ဦးနဲ့ တစ်နေ့တာ တွေ့ဆုံခဲ့တဲ့အကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာ တင်ပြထား ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


"ကျေးလက်နေပြည်သူတစ်ဦးနဲ့ တစ်နေ့တာ" အစီအစဉ် ဒုတိယပိုင်းမှာတော့ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသက တောင်သူတစ်ဦးနဲ့ တစ်နေ့တာ တွေ့ဆုံခဲ့တဲ့အကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်း က သွားရောက်လေ့လာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


အခုအစီအစဉ်မှာတော့ မုံရွာအနောက်ဖက် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက တောင်သူတစ်ဦးနဲ့ တစ်နေ့တာတွေ့ဆုံခဲ့တဲ့အကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်းက သွားရောက်လေ့လာတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။