0:00 / 0:00
ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားအလုပ်သမားတွေကို လုပ်ခမပေးဘဲ ကျွန်ပြုခိုင်းစေတဲ့အထိ ဖြစ်ရပ်ကို AP သတင်းဌာနက ရေးသားခဲ့ပါတယ်။ အလားတူ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေဟာ ထိုင်းငါးဖမ်းလှေတွေကနေတဆင့် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိပြီး ရောင်းစားခံနေရတာတွေ ရှိနေပါတယ်။
အဲ့ဒီလို ဖြစ်ရပ်တွေကို အကာအကွယ်ပေးရေးအတွက် ဥပဒေတွေ ပြဌာန်းဖို့ နိုင်ငံပေါင်း ၂၅ နိုင်ငံ ပါဝင်တဲ့ ရေလုပ်ငန်းဆိုင်ရာအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလ ၂၈ ရက်ကနေ ၂၉ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပဖို့ရှိပါတယ်။
အဲ့ဒီအစည်းအဝေးကို သွားရောက်မဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာ တိုးနန္ဒာတင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
