စစ်သုံ့ပန်းတွေအပေါ် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူထားကြောင်း AA ပြော

RFA Burmese
2025.01.25

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စကခ-၉ ကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ကွပ်မျက်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်စည်းကမ်းချိုးဖောက်သူတွေကို အပြစ်ပေးအရေးယူ ထားတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ပြောပါတယ်။

အဲဒီ ဗီဒီယိုမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ကလည်း ဇန်နဝါရီ ၂၃ ရက်နေ့မှာ တောင်းဆိုထားပါတယ်။

စစ်သုံ့ပန်းဆိုင်ရာ စစ်စည်းကမ်းချိုးဖောက်ခဲ့သူတွေကို အာရက္ခတပ်တော်မှာ အခိုင်အမာရှိနေတဲ့ တရားစီရင်ရေး စနစ်အတိုင်း အပြစ်ပေး အရေးယူထားပြီ ဖြစ်တာကြောင့် ပြင်ပအကူအညီ မလိုအပ်ဘူးလို့လည်း AA က တုံ့ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။