0:00 / 0:00
၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ့နိုင်ငံရေးအတွက် အနာနဲ့ဆေးတဲ့ပြီလို့ ပြောဖို့စောနေ သေးသလို၊ သတိထားပြီး အကောင်းမြင်နဲ့ စောင့်ကြည့်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မြန်မာ့အရေးမှာ အဓိကထားဖြေရှင်းရမယ့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ တင်ပြထားပြီးဖြစ်သလို၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ပါတီရဲ့သဘောထားလည်း ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
