0:00 / 0:00
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာအုပ်စုထဲမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး တိုက်ပွဲ တွေပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။
RCSS/SSA နဲ့ TNLA တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁၅ဝဝ ကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်းသားရေးရာ တာဝန်ခံ ကိုမြအေးကို RFA သတင်းထောက် ကိုအောင်သိင်္ခ ဆက်သွယ်မေးမြန်းထားပါတယ်။
